0

Metasploit basic commands

Wednesday, 1 January 2014
ကျနော်ခုပြောမယ့် ဟာကတော့ MSF အတွက် အဓိက ကျပြီး အသုံးဝင်တဲ့ Basic Commands တွေကို ပြောသွားမှာပဲဖြစ်ပါတယ်။ ကျနော့်လို MSF beginner တစ်ယောက်လိုမျိုး ကျန်တဲ့ညီအကိုတွေ MSF ကို လေ့လာရင်း ကျူတိုတွေမှာ ဘယ်လိုလုပ် ဘယ် commands သုံး ဆိုတာတွေ လုပ်ရင်းဘယ် command ကတော့ ဘာအတွက်သုံးတာလို့ သဘောပေါက်နားလည်ထားရင် ပိုပြီး ကျေညက်နားလည်လွယ်စေမယ်လို့ထင်လို့ပါ။ကဲ စမယ်ဗျို့ .... ဟီးး ဟီးး

Msfconsole
Msfconsole ဆိုတာကတော့ ကျနော်တို့သုံးမယ့် metasploit ကြီးးးအတွက် ကျနော်တို့ ပေးမယ့် internal commands တွေရော external commands တွေအတွက် အကုန်လုံး ကို အပြည့်ဝ အထောက်အပံ့ ပေးတဲ့ commands window ပဲဖြစ်ပါတယ်။ဒါဆိုရင် ကျနော်တို့ရဲ့ terminal ကိုဖွင့်လိုက်ပြီး msfconsole လို့ရိုက်ပြီး ခေါ် လိုက်လို့ရပါတယ်။ GUI(graphical user interface) အတွက်လဲ ခေါ်လို့ရပြီး msfgui လို့ ရိုက်ပြီး ခေါ် နိုင်ပါတယ်။

Help >> help command ကတော့ အားလုံးသိတဲ့အတိုင်းပါပဲ Basic idea နဲ့ Basic usage တွေ ဘာတွေပါလဲဆိုတာတွေ ..ဘာတွေသုံးလို့ရလဲဆိုတာတွေကို ..ဖော်ပြပေးမှာပဲဖြစ်ပါတယ်။msfconsole အတွက်လဲနောက်ကနေ -h ဆိုပြီး ခေါ်လို့ရပါတယ်။







Code:

msfconsole -h




1.back
ဒီ command ကတော့ ကျနော်တို့ ရွေးချယ်အသုံးပြုခဲ့တဲ့ modules တွေမှာလုပ်စရာရှိတာလုပ်ပြီး သွားလို့ ( ဒါမှမဟုတ် ) module မှားရွေးမိလိုက်တဲ့ အခါ တို့မှာ လက်ရှိ ရောက်နေတဲ့ module ကို ရပ်တန့်ပြီး နောက်ပြန်ဆုတ်သွားမယ့်command ပဲဖြစ်ပါတယ်။





2.check
ဒီ check command ကတော့ ကျနော်တို့ vul ဖြစ်နိုင်ချေရှိတဲ့ target ကို ဖြစ်နိုင်ချေ ၇ှိတဲ့ vul နေရာကို အကြမ်းဖျင်းရွေးပေးဖို့အတွက် အသုံးပြုပါတယ်။အဲ သူကတော့ exploit တိုင်းမှာ သုံးလို့ မရပါဘူး။ဟီးး ..





3.connect
ဒီ connect ကတော့ ကျနော်တို့ သိထားပြီးသား netcat တို့ telnet တို့လိုပဲ clone အသေးစားလုပ်ပြီး msfconsole မှာ ထည့်သွင်းထားတာဖြစ်ပြီး SSL, proxies, pivotind, နဲ့ file sends တွေ အတွက် အသုံးပြုနိုင်ပါတယ်။connect ရဲ့ နောက်ကနေ ကိုယ် ချိတ်ချင်တဲ့ IP address နဲ့ port No. ကို တွဲပြီးရိုက်ပေးရမှာ ဖြစ်ပါတယ်။ eg. > connect 192.168.1.1 23
ပြီတော့ connect -h လို့ရိုက်ပြီး help ခေါ် ပြီး ကြည့်နိုင်ပါတယ်။





4.info
ဟောဒီ info command ကတော့ ကျတော်တို့ သိချင်တဲ့ options တွေ။ target တွေ နဲ့ exploit တွေ စတာတွေရဲ့ သေးစိတ်အချက်အလက်ကို ပြပေးဖို့အတွက် အသုံးပြုတာပဲဖြစ်ပါတယ်။အချို့modules တွေမှာတော့ မရနိုင်ပါဘူး။ဒီမှာ သူကဘယ်လိုဟာတွေကို ပြမလဲဆိုရင်တော့ ...
*The author and licensing info
*Vul references (ie: CVE, BID, etc)
*Module တစ်ခုမှာ ရှိနေတဲ့ payload အတွက် ကန့်သတ်ချက်တွေ .. စတာတွေကို ပြသပေးပါတယ်။





ပုံမှာကြည့်လိုက်ပါ။Name, Module, Version,Platform,Archစတာတွေအကုန်ပါပြီး total size ရော.. သူ့ကို အသုံးပြုလို့ကောင်းတဲ့ Rank ရော အောက်ဆုံး မှာ Description ရော ပြပေးထားပါတယ်။

5.irb
ဒီ irb ဆိုတဲ့ command လေးကတော့ အလွန်အသုံးဝင်တဲ့ ကွန်မန်းလေးဖြစ်ပြီး live Ruby interpreter shell ပေါ်ကိုပို့ပေးမှာဖြစ်ပြီး ကျနော်တို့ရဲ့ commands တွေ နဲ့ Metasploit scripts တွေ ကို အများကြီး ပြုလုပ်နိုင်ပါတယ်။ဒီ feature ဟာ fremework ရဲ့ internal ကို သေချာသေဘောပေါက်စေဖို့အလွန်အသုံးဝင် ပါတယ် ...





6.jobs
ဒီ jobs ဆိုတာကတော့ ကျနော်တို့background မှာ running လုပ်နေတဲ့ modules တွေကိုပြောတာပဲဖြစ်ပါတယ်။သူ့ကို နောက်က -h နဲ့တွဲပြီး help ခေါ်ကြည့်နိုင်ပါတယ်။ eg. > jobs -h





7.load >&< unload
ဒီ load ဆိုတဲ့ ကွန်မန်းကတော့ ကျနော်တို့တွေရဲ့ Metasploit pluging directory ထဲက plugin တစ်ခုကို လှမ်းပြီး ဆွဲယူသုံးတာဖြစ်ပြီး အသုံးမလိုတဲ့ အခါ unload ကို အသုံးပြုနိုင်ပါတယ်။





8.loadpath
ကျနော်တို့တွေ 0-day exploit,တို့ encoder တွေနဲ့ payloads တွေကို သိမ်းထားတဲ့ နေရာကနေ လှမ်းပြီး ယူတဲ့ အခါမှာ အသုံးပြုပါတယ်။ဥပမာ ဒီလိုလေးးပေါ့ဗျာ။

Code:

loadpath /home/secret/MSF_marmees/order_modules

ဟီးဟီး

9.resource
ဒီ ကွန်မန်းကတော့ ကျတော်တို့ msfconsole ပေါ်ကိုလှမ်းပြီး resource (batch) files တွေကို load လုပ်တဲ့ ကွန်မန်းဖြစ်ပါတယ်။ကျနော်တို့ တစ်ခါတစ်လေ အသုံးပြုတတ်ကြတဲ့ attacks မျိုးတွေ Karmetasploit လိုမျိုးတွေမှာဆို သူ့ကိုသုံးပြီး တိုက်ခိုက်ဖို့အတွက် Resourse files တွေကို run ပေးဖို့ခိုင်းတဲ့ အချိန်မျိုးမှာ Karma.rc file ဆိုတာမျိုးကို ဒီ ကွန်မန်းနဲ့ ထည့် run ပေးပြီးမှ attack လုပ်ရပါတယ်။

Code:

eg. > resource karma.rc







ကျနော်တို့တွေ batch files တွေနဲ့ တွဲပြီး မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင်လဲ လုပ်လို့ရပါတယ်။ပုံထဲကအတိုင်းပေါ့ ကျနော်တို့ msfconsole ထဲကို version.rc ဆိုတဲ့ batch file တစ်ခုကို လုပ်ပြီး startup မှာသုံးဖို့ -r ဆိုတဲ့ flag လေးပေးပြီး ဖွင့်လိုက်တဲ့အခါ မှာ တစ်ခါတည်း msfconsole တက်လာပြီး သူ့ရဲ့ version.rc ပါတက်လာပြနေပါပြီ။

10.route
ဒီ ကွန်မန်းက တော့ ကျတော်တို့ တွေရဲ့ session တစ်ခုပေါ်ကနေ route socket တွေကို pivoting capabilities ရဖို့အတွက်ကွန်မန်းပေးဖို့ အသုံးပြုပါတယ်။ route တစ်ခု ထည့်မယ်ဆိုရင်တော့ ကျနော်တို့တွေ target ရဲ့ subnet နဲ့ network တွေကိုကျော်ဖြတ်ထားနိုင်မှ လိုသလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။( meterpreter session ပွင့်ထားရင်တော့ အိုခေပေါ့နော်။သူ့ subnet တွေ ကို ဖျက်လို့ ပြောင်းလို့ရမယ်။ထပ်ပြီး add လုပ်လို့ရမယ်ပေါ့နော် .. )

11.search
ဟောဒီ search ကတော့ msfconsole ထဲမှာ ပါဝင်တဲ့ based search function ပဲဖြစ်ပါတယ်။ကျနော်တို့ search ရဲ့ နောက်မှာ ကိုယ်ရှာချင်တဲ့ ဟာကိုထည့်ပြီး ရှာနိုင်ပါတယ်။ပုံထဲမှာ တော့ ကျနော် .... >search php ဆိုပြီး ရှာလိုက်တဲ့အခါမှာ php ပါတဲ့ exploits တွေ payloads တွေ encoder တွေ အကုန်လုံးပြပေးသွားပါတယ်။





{a} help >> help search ဆိုပြီး ကျနော်တို့ တွဲပြီး ရှာလို့ရပါတယ်။
{b} name >> search name:php ဆိုပြီး ကျနော်တို့ နာမည်နဲ့ရှာလို့ရပါတယ်။
{c} path >> search path:scada ဆိုပြီး path ကိုရှာလို့ရပါတယ်။
{d} plaform >> search platform:window ဆိုပြီး ကျနော်တို့လိုချင်တဲ့ platform ကိုရှာလို့ရပါတယ်။
{e} type >> search type:post ဆိုပြီး လိုချင်တဲ့ type အမျိုးအစား တွေကို ရှာလို့ရပါတယ်။
{f} author >> search author:marmees ဆိုပြီး author ရဲ့ ဟာတွေကိုရှာလို့ရပါတယ်။ ( exploitတေ payload တေ encode တေပြောတာနော် မာမီတို့ .. )
{g} multiple keywords >> search cve:2014 author:msfmarmees platform:linux ဆိုပြီး multiple keywords တွေနဲ့ လဲ ရှာလို့ရပါတယ် .. ဟီးဟီး :P

12.sessions
ဒီ sessions ဆိုတာကတော့ ကျနော်တို့ရဲ့ shells တွေ Meterpreter sessions တွေ နဲ့ VNC စတာတွေအတွက် ကွန်မန်းဖြစ်ပါတယ်။ sessions -h နဲ့ help ခေါ်လို့ရပါတယ်။
sessions -l >> ဆိုတာကတော့ ကိုယ့်မှာရှိနေတဲ့ ချိတ်လို့ရမယ့် sessions တွေကို ကြည့်တာဖြစ်ပါတယ်။
sessions -i 1 >> ဒါကတော့ ကျတော်တို့ မှာ ရှိနေတဲ့ sessions 1 ကို ချိတ်မယ် ( interact ) လုပ်တာပဲဖြစ်ပါတယ်။

13.set >&< unset
set ဆိုတဲ့ ကွန်မန်းကတော့ ကျနော်တို့ နဲ့ မစိမ်းပါဘူး။သူ့ကို ကျနော်တို့ အသုံးပြုနေတဲ့ module ရဲ့ options တွေမှာ ပြုပြင်တဲ့ အခါ အသုံးပြုပါတယ်။အဲ့ဒီလိုပဲ unset ဆိုတဲ့ ကွန်မန်းကို ကျနော်တို့ set လုပ်ထားတာတွေ ပြန်ဖြုတ်ချင်တဲ့ အချိန်မှာ အသုံးပြုပါတယ်။





14.setg >&< unsetg
setg ဆိုတဲ့ ကွန်မန်းကတော့ ကျနော်တို့ တွေ msfconsole ထဲမှာ အမျိုးမျိုးသော pentest တွေလုပ်ဖို့ အတွက် global variables တစ်ခုလုပ်တဲ့အချိန်အသုံးပြုပါတယ်။target တစ်ခုထဲထားပြီး အဲ့ တားကတ်ကို exploits ပေါင်းများစွာနဲ့ ဗျင်းးတာပေါ့ဂျာ...japan ကားလိုပဲ အသေမိုက်တယ်။ဟီးဟီး :P။ အဲအဲ အဲ့ဟာရဲ့ အားနည်းချက်ပေါ့နော် သူက globals saved လုပ်ပေးရတော့ မေ့တာပေါ့..အာ့တာကြောင့် exploit မလုပ်ခင် run မလုပ်ခင် သေချာ options တွေကိုစစ်ပြီးမှ ဗျင်းပေါ့ဗျာ...။အပေါ်တုန်းက လိုပဲ setg လုပ်ထားခဲ့တဲ့ global variables တွေကို unsetg ကွန်မန်းနဲ့ ပြန်ပြီး ဖြုတ်နိုင်ပါတယ်။





15.show
show ကတော့ ကျနော်တို့ metasploit အတွင်းက modules တွေအားလုံးမှာ ဖော်ပြစေလိုတဲ့ msfconsole prompt ကိုပြခိုင်းတဲ့အချိန် မှာ အသုံးပြုပါတယ်။ show နဲ့ တွဲပြီး သုံးလို့ ရတဲ့ ဟာတွေကတော့.....
{a} show auxiliary
{b} show exploits
{c} show payloads
{d} show options
{e} show targets
{f} show advanced
{g} show encoders
{h} show nops .... တို့ပဲဖြစ်ပါတယ်။

16.use
use ဆိုတဲ့ ကွန်မန်းကတော့ ကျတော်တို့ တွေ ကိုယ်သုံးမယ့် module တစ်ခုကို အသုံးပြုတော့မယ့်အချိန်မှာ သုံးတဲ့ ကွန်မန်းပဲဖြစ်ပါတယ်။ဒီ ကွန်မန်းကလဲ ရင်းနှီးးပြီးသားပဲထင်ပါတယ်။ဟီးဟီးး

17.exploit >or< run
ဒီ နှစ်ခုကတော့ ကျတော်တို့ ရဲ့ exploit တွေကို execute လုပ်ပေးတဲ့ ကွန်မန်း..ဖြစ်ပါတယ်။ အလုပ်စတော့ လို့ပြောတာပေါ့နော့ ဟီးဟီးးး

Credit To MSF
0

Anonymous Browsing

Monday, 30 December 2013
[Tuto] A Complete Guide to Tor: Anonymous Browsing [Image: 200px-Tor-logo-2011-flat.svg.png]

Tor အကြောင်းရေးထားတာ အရင်က bro Anubis သေချာရေးမိသလားလို့ သူ့ profile ကနေ thread တွေအကုန်လိုက်ရှာတာမတွေ့ဘူး။ အဲဒါနဲ့ Bro W4rl0ck ရဲ့ပို့စ်တစ်ခုမှာ Tor ကနေ လိုချင်တဲ့ IP ယူနည်းပို့စ်တွေ့တယ်။ ရှိပြီးသားဆိုရင် မရေးတော့ဘူးလို့ပါပဲ။ သိပြီးသားညီအကိုတွေအတွက်တော့ ကျွန်တော်ပိုစ့်က သိပ်အရေးမကြီးပါဘူး။ ဒါပေမယ့် ခုမှ Tor ဆိုတာကိုကြားဖူးသူတွေအတွက်တော့ ကျွန်တော်ပို့စ်က တန်ဖိုးရှိနိုင်ကောင်းပါတယ်။ OK, this is A Complete Guide to Tor for beginners.

ကျွန်တော်တို့ အခုခေတ်မှာ အင်တာနက်အသုံးပြုရင် privacy ဆိုတာက အရေးပါလာပါပြီ။ ကိုယ့်စက်မှာ Virus, RAT တွေကို Antivirus တွေနဲ့ကာကွယ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ သုံးနေတဲ့ Gmail, Facebook ဆိုတာကလည်း သင့်ရဲ့ Data တွေကို ရယူနိုင်တယ်။ သတင်းတွေထဲမှာ NSA က အမေရိကန်ပြည်သူတွေရဲ့ personal info တွေကို Facebook, Google တို့ဆီကနေ ရယူဖို့ဖိအားပေးနေတဲ့အကြောင်း ဘာညာကြားနေရတာပဲ။ ဒီအတိုင်းဆို ဘယ်သူမှ အင်တာနက်မှာ မလုံခြုံတော့ပါဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ chat ကနေရိုက်သမျှ chat list တွေကို တစ်နေရာရာကနေ ကြည့်နေတယ်။ ခင်ဗျားရဲ့ IP ကအစ ခင်ဗျားအင်တာနက်မှာ လုပ်ခဲ့သမျှ Browsing History အဆုံးစောင့်ကြည့်နေတယ်ဆိုရင် ဒါဟာ ကြက်သီးထစရာပါပဲ။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာပဲဗျာ။ ဒါတွေမလိုသေးပါဘူးလို့ ခင်ဗျားပြောချင်ပြောနိုင်ပါတယ်။ ဒါပေမယ့် သိထားတော့ ပိုမကောင်းဘူးလား။ biggrin

Tor ကိုအသုံးပြုမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အင်တာနက်မှာ စိတ်ချလက်ချ Browsing လုပ်လို့ရပါတယ်။ သင့်ရဲ့ browsing history ကိုလုံးဝ Trace လို့မရပါဘူး။ သူ့ရဲ့အစွမ်းကတော့ Military ပိုင်းကတောင်မှ ခင်ဗျားကို လာလုပ်လို့မရပါဘူး။ ကမ္ဘာမှာရှိတဲ့ ဘယ်အဖွဲ့အစည်းကမှ ခင်ဗျားရဲ့ Browsing Data ကိုကြားဝင်ဖမ်းယူဖို့ မစွမ်းနိုင်ပါဘူးတဲ့။ ဒီလောက်ဆို Tor ဆိုတာကို ခင်ဗျားစိတ်ဝင်စားသွားပြီမလား။

Tor ရဲ့အရှည်ကောက်ကတော့ The Onion Router ကိုယူထားတာဖြစ်ပါတယ်။ Onion routing နဲ့သွားတာမို့ source ကနေပို့လိုက်တဲ့ message ဟာ destination ကိုရောက်တဲ့အထိ ကြားထဲမှာ အဆင့်ဆင့် encrypt လုပ်သွားပါတယ်။ Onion routing အကြောင်းအသေးစိတ်ဖတ်ချင်ရင် Go there biggrin

[Image: 250px-Onion_diagram.svg.png]

အောက်ကပုံမှာအတိုင်း Tor client ဟာ သင့်တော်မယ့် node ကိုရှာဖွေလိုက်ပါတယ်။ Tor node တွေကတော့ ကမ္ဘာအဝှမ်း သိန်းနဲ့ချီပြီးရှိပါတယ်။ node တွေကလည်း random တွေဖြစ်လို့ ကြားကနေဖမ်းယူဖို့ဆိုတာ တော်တော်လေးခက်ခဲသွားပါမယ်။
[Image: htw1.jpg]

နောက်တော့ Tor client က အရင်ဆုံး node တစ်ခုဆီ encrypt လုပ်ထားတဲ့ message ကိုပို့လိုက်ပါတယ်။ ဒါကို ပထမ node ကဖတ်ပြီး အဲဒီလိုပဲ (ပထမနည်းလိုပဲ) နောက်ထပ် ဒုတိယ node ကိုထပ်သွားပါတယ်။ ဒါကြောင့် ကြားထဲမှာ encrypt လုပ်တာအကြိမ်ကြိမ်ဖြစ်သွားပါတယ်။ နောက်ဆုံး Destination ကိုမရောက်မချင်းပေါ့။

ကဲ ဒီတစ်ခါတော့ message ကို လက်ခံသူကရလိုက်ပြီ။ ဒီတော့ သူက နောက်ဆုံးလက်ခံထားတဲ့ node ကနေ data (encrypt လုပ်ထားတဲ့) ကိုတိုက်ဆိုင်စစ်ဆေးပါတယ်။ ဒီလိုပဲ အဲဒီ data က ဘယ်ကလာတာလဲဆိုတာကို ရှေ့က node ဆီကိုထပ်သွားပါတယ်။ ကျွန်တော်ပြောတာ ရှင်းမလားမပြောတတ်ဘူး။ biggrin နောက်ဆုံးကနေ နောက်ပြန်ဆုတ်ပြီး ပြန်စစ်တာပါ။ အဲဒီလိုအဆင့်ဆင့် စစ်ဆေးပြီး နောက်ဆုံး sender ကနေပို့တဲ့ message ဖြစ်ကြောင်းအတည်ပြုပြီးမှ လက်ခံသူက message ကိုလက်ခံပါတယ်။ ဒီတော့ ကျွန်တော်တို့ https protocol ထက်စာရင် အများကြီးကို သာလွန်တယ်ဆိုတာ သိနိုင်ပါတယ်။ https ကတော့ ကြားထဲမှာ တစ်ခါလောက်ပဲ encrypt လုပ်တာပါ။ ခုဆို https ကို break တောင်လုပ်နိုင်ပြီလို့ ဖတ်နေရပါတယ်။ Here is https break news :)
[Image: SrwHLxi.jpg]

Installing Tor
Tor ကိုအင်စတော့လုပ်မယ်ဆိုရင် သက်ဆိုင်ရာ OS အလိုက် မိမိသုံးတဲ့ os နဲ့ကိုက်တဲ့ tor ကိုဆွဲပြီး သွင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ Windows သမားဆိုတော့ Windows အတွက် https://www.torproject.org/ မှာသွားပြီး ဒေါင်းလိုက်ပါမယ်။
ဒေါင်းလို့ရလာတဲ့ဖိုင်ကို extract လုပ်ပြီး မိမိ extract ခဲ့တဲ့ Directory မှာ Star Tor Browser.exe ကိုနှိပ်ပါမယ်။ ဒါဆိုပုံထဲကလို တွေ့ရပါမယ်။ Connected Tor Network ဖြစ်တဲ့အထိစောင့်ပေးပေါ့နော်။
[Image: H8LP1hI.jpg]
Connected ဖြစ်တာနဲ့ Tor ဟာ သူဘာသာသူ Test page ကိုခုလိုပြပြီး အင်စတော့လုပ်တာအောင်မြင်ကြောင်းပြပါမယ်။
[Image: bWcv5iJ.jpg]
Google ကိုတောင် encrypted လုပ်ပစ်ပါတယ်။ ဒါကြောင့် Google ကသင့်ဆီက Data တွေနှိက်ယူမှာ မပူပါနဲ့တော့။ biggrin
[Image: OfBCJnm.jpg]
မယုံလို ကျွန်တော် IP ကိုပါခုလိုစစ်ဆေးခဲ့ပါတယ်။ အဲ Tor ကနေ ကျွန်တော်ဆိုဒ်က ကြော်ငြာတွေကိုလည်း ကိုယ်တိုင်ကလစ်ခဲ့ပါသေးတယ်။ biggrin အိုင်ပီပြောင်းသွားတော့ သူတို့ဘန်းမှာ ကြောက်ရတော့ဘူးလေ။ ခိခိ သွားမပြောနဲ့နော်။ :P
[Image: QAZjgSF.jpg]
0

Setting Up Rat

အဲဒါလေးကိုဘယ်လိုသုံးရလဲဆိုတာရှင်းပြပေးသွားမှာပါ

အဲဒါလေးကိုမစခင် လက်နက်စုဆောင်းရေးလုပ်ရအောင်
- DarkComet 5 အောက်က link မှာဒေါင်းပါvictorie


Code:
http://darkcomet-rat.com/

- DUC (which is needed to create your no-ip) အောက်က link မှာပဲ့ဆက်ဒေါင်းပါဟီး

Code:
http://www.noip.com/downloads.php?page=win

ဒါတွေ ပါပါတယ်
- port တွေ
- no-ip ရဲ့ setting တွေ
- DUC ကိုလည်း Setup လုပ်မယ်
- Server တစ်ခု ဖန်တီး
- လက်ကျန်လေးတွေ ဆက်ပြောမယ်

Port သတ်မှတ်ခြင်းနှင့် Port ကို Forward လုပ်ခြင်း
- ပထမဆုံး DarkComent ကိုဖွင့်ပြီးလိုက်ပါ ပြီးတော့ “Do not display again the ELUA” ကို check လုပ်ပြီး “I accept” ကိုသာနှိပ်လိုက်ပါတော့ ဟီး

- RAT ထဲ့က “Sockets/ Net” tab ဆိုတဲ့နေရာကိုသွားလိုက်ပါ

- အဲဒီ Tab ပေါ်မှာပဲ့ right click ခေါက်ပြီး a “Add port to listen” ကိုနှိပ်လိုက်ပါ ဒီ သင်ခန်းစာမှာတော့ ကျွန်တော်ကတော့ default ဖြစ်တဲ့I port 1604 ကိုပဲသုံးပြထားပါတယ်

အဲဒီနေရာမှာ ကျွန်တော်တို့ကြိုက်တဲ့ port တွေပြောင်းသုံးလို့ရပါတယ်

နောက်ပြီး listen ကိုနှိပ်လိုက်တဲ့အခါ အောက်ကပုံလေးလိုတွေ့ပါလိမ့်မယ်
[Image: nmHG4.png]
-ကျွန်တော်တို့ Port တွေသတ်မှတ်ပြီးနောက်မှာ အဲဒီ port တွေအ လုပ်လုပ်အောင် port forward လုပ်ပေးဖို့လိုပါတယ်

ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်သုံးနေကျတဲ့ Roter တွေကမတူပါဘူးဗျာ ဒါကြောင့် ကျွန်တော်က port fordward ဘယ်လိုလုပ်မလဲဆိုတာကို Google မှာပဲ့ရှာစေချင်ပါတယ်

No-ip ကို Setting ချခြင်း
- ပထမဆုံး
Code:
http://www.no-ip.com/
ကိုသွားပြီး account တစ်ခုလုပ်လိုက်ပါ
[Image: 17510_285736594904725_299896844_n.jpg]
- Account ထဲကို login ၀င်ပြီးရင်တော့ “Add a host” ဆိုတာကိုနှိပ်လိုက်ပါ

- hostname ဆိုတဲ့နေရာမှာ ကျွန်တော်တိုလိုချင်တဲ့ နာမည်ကို ရိုက်ပါ (ကြိုက်တာရိုက်လို့ရပါတယ်)ပြီးတော့ နောက်က ext လေးကို “no-ip.info” လိုပြောင်းလိုက်ပါ အခြားဟာပြောင်းလည်းရပါတယ်
Image has been scaled down 2% (900x920). Click this bar to view original image (913x933). Click image to open in new window.
[Image: 1000395_285737421571309_246815965_n.jpg]


-ပြီးတော့ “create host” ဆိုတာကိုနှိပ်ပါ

DUC ကို Setting ချခြင်း
- ကျွန်တောတို့ရဲ့ os ကိုရွေးချယ်ပြီး ကိုယ့်စက်မှာဒေါင်းလုပ်ချ install လုပ်ပါ

- DUC ကိုဖွင့်လိုက်တဲ့အခါ login ၀င်ခိုင်းတာတွေ့ရပါမယ်

- select host ကိုနှိပ်ပြီး hostname တစ်ခုရွေးပေးလိုက်ပါ ပြီးတော Save ပေါ့
[Image: NExPQ.png]
- Refresh လုပ်လိုက်ပါ .ပြီးတွားပါပြီ

Server တစ်ခုဖန်တီးခြင်း
- DarkComet 5 ကိုဖွင့်ပါ

- DarkComent-RAT ဆိုတဲ့ အ၀ါရောင်ကိုနှိပ်ပါပြီးတော့ “Server module” ကိုရွှေးလိုက်ပါ
[Image: FxiIw.png]
- main setting ထဲမှာ generate few time ကိုနှိပ်ပါ ပြီးတော့ ကျန်တာကိုဒီ အတိုင်းထားခဲ့လိုက်ပါ

- နောက်ပြီး network settings in the “IP/DNS” ထဲမျာ သင်ရဲ့ No-ip infomation ကိုထည့်ပါ ပြိးတော့ Port ကိုတော့ သုံးမယ့် port ထားပေးလိုက်ပေါ့ .ဒါဆို “Add this configuration” ကိုနှိပ်လိုရပါပြီ
[Image: Cu6e6.png]
- Module Startup ဆိုတာက တစ်ကယ်လို့ Victim က computer ပိတ်ထားရင်တောင်.server ကိုစအောင်လုပ်တာပါ Startup အတွက်
Crypter ကောင်းကောင်းရှိရင် အဲဒီအဆင်ကိုကျော်လိုက်ပေါ့

- Keylogger ဆိုတဲ့ဆီကိုသွားလိုက်ပါ ပြီးတော “Active offline keylogger on server startup” ကို check လုပ်လိုက်ပါ

- အခုဆိုရင် “Build Module” ကိုသွားပြီး “Build Server” ကိုနှိပ်လိုက်ပါ ပြီးတော့ bot ကိုကြိုက်တဲ့နာမည်ပေးလိုက်ပေါ့ . ဒါဆို ကျွန်တော်တို SERVER တစ်ခုဆောက်လို့ပြီးသွားပါပြီ

လက်ကျန်ကတော့
- Crpyter ကောင်းကောင်းသုံးပြီး Bot တွေကိုပြန်အောင်လုပ်ဖို့ပဲ့ကျန်ပါပြီ