0

Metasploit basic commands

Wednesday, 1 January 2014
Share this Article on :
ကျနော်ခုပြောမယ့် ဟာကတော့ MSF အတွက် အဓိက ကျပြီး အသုံးဝင်တဲ့ Basic Commands တွေကို ပြောသွားမှာပဲဖြစ်ပါတယ်။ ကျနော့်လို MSF beginner တစ်ယောက်လိုမျိုး ကျန်တဲ့ညီအကိုတွေ MSF ကို လေ့လာရင်း ကျူတိုတွေမှာ ဘယ်လိုလုပ် ဘယ် commands သုံး ဆိုတာတွေ လုပ်ရင်းဘယ် command ကတော့ ဘာအတွက်သုံးတာလို့ သဘောပေါက်နားလည်ထားရင် ပိုပြီး ကျေညက်နားလည်လွယ်စေမယ်လို့ထင်လို့ပါ။ကဲ စမယ်ဗျို့ .... ဟီးး ဟီးး

Msfconsole
Msfconsole ဆိုတာကတော့ ကျနော်တို့သုံးမယ့် metasploit ကြီးးးအတွက် ကျနော်တို့ ပေးမယ့် internal commands တွေရော external commands တွေအတွက် အကုန်လုံး ကို အပြည့်ဝ အထောက်အပံ့ ပေးတဲ့ commands window ပဲဖြစ်ပါတယ်။ဒါဆိုရင် ကျနော်တို့ရဲ့ terminal ကိုဖွင့်လိုက်ပြီး msfconsole လို့ရိုက်ပြီး ခေါ် လိုက်လို့ရပါတယ်။ GUI(graphical user interface) အတွက်လဲ ခေါ်လို့ရပြီး msfgui လို့ ရိုက်ပြီး ခေါ် နိုင်ပါတယ်။

Help >> help command ကတော့ အားလုံးသိတဲ့အတိုင်းပါပဲ Basic idea နဲ့ Basic usage တွေ ဘာတွေပါလဲဆိုတာတွေ ..ဘာတွေသုံးလို့ရလဲဆိုတာတွေကို ..ဖော်ပြပေးမှာပဲဖြစ်ပါတယ်။msfconsole အတွက်လဲနောက်ကနေ -h ဆိုပြီး ခေါ်လို့ရပါတယ်။







Code:

msfconsole -h




1.back
ဒီ command ကတော့ ကျနော်တို့ ရွေးချယ်အသုံးပြုခဲ့တဲ့ modules တွေမှာလုပ်စရာရှိတာလုပ်ပြီး သွားလို့ ( ဒါမှမဟုတ် ) module မှားရွေးမိလိုက်တဲ့ အခါ တို့မှာ လက်ရှိ ရောက်နေတဲ့ module ကို ရပ်တန့်ပြီး နောက်ပြန်ဆုတ်သွားမယ့်command ပဲဖြစ်ပါတယ်။





2.check
ဒီ check command ကတော့ ကျနော်တို့ vul ဖြစ်နိုင်ချေရှိတဲ့ target ကို ဖြစ်နိုင်ချေ ၇ှိတဲ့ vul နေရာကို အကြမ်းဖျင်းရွေးပေးဖို့အတွက် အသုံးပြုပါတယ်။အဲ သူကတော့ exploit တိုင်းမှာ သုံးလို့ မရပါဘူး။ဟီးး ..





3.connect
ဒီ connect ကတော့ ကျနော်တို့ သိထားပြီးသား netcat တို့ telnet တို့လိုပဲ clone အသေးစားလုပ်ပြီး msfconsole မှာ ထည့်သွင်းထားတာဖြစ်ပြီး SSL, proxies, pivotind, နဲ့ file sends တွေ အတွက် အသုံးပြုနိုင်ပါတယ်။connect ရဲ့ နောက်ကနေ ကိုယ် ချိတ်ချင်တဲ့ IP address နဲ့ port No. ကို တွဲပြီးရိုက်ပေးရမှာ ဖြစ်ပါတယ်။ eg. > connect 192.168.1.1 23
ပြီတော့ connect -h လို့ရိုက်ပြီး help ခေါ် ပြီး ကြည့်နိုင်ပါတယ်။





4.info
ဟောဒီ info command ကတော့ ကျတော်တို့ သိချင်တဲ့ options တွေ။ target တွေ နဲ့ exploit တွေ စတာတွေရဲ့ သေးစိတ်အချက်အလက်ကို ပြပေးဖို့အတွက် အသုံးပြုတာပဲဖြစ်ပါတယ်။အချို့modules တွေမှာတော့ မရနိုင်ပါဘူး။ဒီမှာ သူကဘယ်လိုဟာတွေကို ပြမလဲဆိုရင်တော့ ...
*The author and licensing info
*Vul references (ie: CVE, BID, etc)
*Module တစ်ခုမှာ ရှိနေတဲ့ payload အတွက် ကန့်သတ်ချက်တွေ .. စတာတွေကို ပြသပေးပါတယ်။





ပုံမှာကြည့်လိုက်ပါ။Name, Module, Version,Platform,Archစတာတွေအကုန်ပါပြီး total size ရော.. သူ့ကို အသုံးပြုလို့ကောင်းတဲ့ Rank ရော အောက်ဆုံး မှာ Description ရော ပြပေးထားပါတယ်။

5.irb
ဒီ irb ဆိုတဲ့ command လေးကတော့ အလွန်အသုံးဝင်တဲ့ ကွန်မန်းလေးဖြစ်ပြီး live Ruby interpreter shell ပေါ်ကိုပို့ပေးမှာဖြစ်ပြီး ကျနော်တို့ရဲ့ commands တွေ နဲ့ Metasploit scripts တွေ ကို အများကြီး ပြုလုပ်နိုင်ပါတယ်။ဒီ feature ဟာ fremework ရဲ့ internal ကို သေချာသေဘောပေါက်စေဖို့အလွန်အသုံးဝင် ပါတယ် ...





6.jobs
ဒီ jobs ဆိုတာကတော့ ကျနော်တို့background မှာ running လုပ်နေတဲ့ modules တွေကိုပြောတာပဲဖြစ်ပါတယ်။သူ့ကို နောက်က -h နဲ့တွဲပြီး help ခေါ်ကြည့်နိုင်ပါတယ်။ eg. > jobs -h





7.load >&< unload
ဒီ load ဆိုတဲ့ ကွန်မန်းကတော့ ကျနော်တို့တွေရဲ့ Metasploit pluging directory ထဲက plugin တစ်ခုကို လှမ်းပြီး ဆွဲယူသုံးတာဖြစ်ပြီး အသုံးမလိုတဲ့ အခါ unload ကို အသုံးပြုနိုင်ပါတယ်။





8.loadpath
ကျနော်တို့တွေ 0-day exploit,တို့ encoder တွေနဲ့ payloads တွေကို သိမ်းထားတဲ့ နေရာကနေ လှမ်းပြီး ယူတဲ့ အခါမှာ အသုံးပြုပါတယ်။ဥပမာ ဒီလိုလေးးပေါ့ဗျာ။

Code:

loadpath /home/secret/MSF_marmees/order_modules

ဟီးဟီး

9.resource
ဒီ ကွန်မန်းကတော့ ကျတော်တို့ msfconsole ပေါ်ကိုလှမ်းပြီး resource (batch) files တွေကို load လုပ်တဲ့ ကွန်မန်းဖြစ်ပါတယ်။ကျနော်တို့ တစ်ခါတစ်လေ အသုံးပြုတတ်ကြတဲ့ attacks မျိုးတွေ Karmetasploit လိုမျိုးတွေမှာဆို သူ့ကိုသုံးပြီး တိုက်ခိုက်ဖို့အတွက် Resourse files တွေကို run ပေးဖို့ခိုင်းတဲ့ အချိန်မျိုးမှာ Karma.rc file ဆိုတာမျိုးကို ဒီ ကွန်မန်းနဲ့ ထည့် run ပေးပြီးမှ attack လုပ်ရပါတယ်။

Code:

eg. > resource karma.rc







ကျနော်တို့တွေ batch files တွေနဲ့ တွဲပြီး မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင်လဲ လုပ်လို့ရပါတယ်။ပုံထဲကအတိုင်းပေါ့ ကျနော်တို့ msfconsole ထဲကို version.rc ဆိုတဲ့ batch file တစ်ခုကို လုပ်ပြီး startup မှာသုံးဖို့ -r ဆိုတဲ့ flag လေးပေးပြီး ဖွင့်လိုက်တဲ့အခါ မှာ တစ်ခါတည်း msfconsole တက်လာပြီး သူ့ရဲ့ version.rc ပါတက်လာပြနေပါပြီ။

10.route
ဒီ ကွန်မန်းက တော့ ကျတော်တို့ တွေရဲ့ session တစ်ခုပေါ်ကနေ route socket တွေကို pivoting capabilities ရဖို့အတွက်ကွန်မန်းပေးဖို့ အသုံးပြုပါတယ်။ route တစ်ခု ထည့်မယ်ဆိုရင်တော့ ကျနော်တို့တွေ target ရဲ့ subnet နဲ့ network တွေကိုကျော်ဖြတ်ထားနိုင်မှ လိုသလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။( meterpreter session ပွင့်ထားရင်တော့ အိုခေပေါ့နော်။သူ့ subnet တွေ ကို ဖျက်လို့ ပြောင်းလို့ရမယ်။ထပ်ပြီး add လုပ်လို့ရမယ်ပေါ့နော် .. )

11.search
ဟောဒီ search ကတော့ msfconsole ထဲမှာ ပါဝင်တဲ့ based search function ပဲဖြစ်ပါတယ်။ကျနော်တို့ search ရဲ့ နောက်မှာ ကိုယ်ရှာချင်တဲ့ ဟာကိုထည့်ပြီး ရှာနိုင်ပါတယ်။ပုံထဲမှာ တော့ ကျနော် .... >search php ဆိုပြီး ရှာလိုက်တဲ့အခါမှာ php ပါတဲ့ exploits တွေ payloads တွေ encoder တွေ အကုန်လုံးပြပေးသွားပါတယ်။





{a} help >> help search ဆိုပြီး ကျနော်တို့ တွဲပြီး ရှာလို့ရပါတယ်။
{b} name >> search name:php ဆိုပြီး ကျနော်တို့ နာမည်နဲ့ရှာလို့ရပါတယ်။
{c} path >> search path:scada ဆိုပြီး path ကိုရှာလို့ရပါတယ်။
{d} plaform >> search platform:window ဆိုပြီး ကျနော်တို့လိုချင်တဲ့ platform ကိုရှာလို့ရပါတယ်။
{e} type >> search type:post ဆိုပြီး လိုချင်တဲ့ type အမျိုးအစား တွေကို ရှာလို့ရပါတယ်။
{f} author >> search author:marmees ဆိုပြီး author ရဲ့ ဟာတွေကိုရှာလို့ရပါတယ်။ ( exploitတေ payload တေ encode တေပြောတာနော် မာမီတို့ .. )
{g} multiple keywords >> search cve:2014 author:msfmarmees platform:linux ဆိုပြီး multiple keywords တွေနဲ့ လဲ ရှာလို့ရပါတယ် .. ဟီးဟီး :P

12.sessions
ဒီ sessions ဆိုတာကတော့ ကျနော်တို့ရဲ့ shells တွေ Meterpreter sessions တွေ နဲ့ VNC စတာတွေအတွက် ကွန်မန်းဖြစ်ပါတယ်။ sessions -h နဲ့ help ခေါ်လို့ရပါတယ်။
sessions -l >> ဆိုတာကတော့ ကိုယ့်မှာရှိနေတဲ့ ချိတ်လို့ရမယ့် sessions တွေကို ကြည့်တာဖြစ်ပါတယ်။
sessions -i 1 >> ဒါကတော့ ကျတော်တို့ မှာ ရှိနေတဲ့ sessions 1 ကို ချိတ်မယ် ( interact ) လုပ်တာပဲဖြစ်ပါတယ်။

13.set >&< unset
set ဆိုတဲ့ ကွန်မန်းကတော့ ကျနော်တို့ နဲ့ မစိမ်းပါဘူး။သူ့ကို ကျနော်တို့ အသုံးပြုနေတဲ့ module ရဲ့ options တွေမှာ ပြုပြင်တဲ့ အခါ အသုံးပြုပါတယ်။အဲ့ဒီလိုပဲ unset ဆိုတဲ့ ကွန်မန်းကို ကျနော်တို့ set လုပ်ထားတာတွေ ပြန်ဖြုတ်ချင်တဲ့ အချိန်မှာ အသုံးပြုပါတယ်။





14.setg >&< unsetg
setg ဆိုတဲ့ ကွန်မန်းကတော့ ကျနော်တို့ တွေ msfconsole ထဲမှာ အမျိုးမျိုးသော pentest တွေလုပ်ဖို့ အတွက် global variables တစ်ခုလုပ်တဲ့အချိန်အသုံးပြုပါတယ်။target တစ်ခုထဲထားပြီး အဲ့ တားကတ်ကို exploits ပေါင်းများစွာနဲ့ ဗျင်းးတာပေါ့ဂျာ...japan ကားလိုပဲ အသေမိုက်တယ်။ဟီးဟီး :P။ အဲအဲ အဲ့ဟာရဲ့ အားနည်းချက်ပေါ့နော် သူက globals saved လုပ်ပေးရတော့ မေ့တာပေါ့..အာ့တာကြောင့် exploit မလုပ်ခင် run မလုပ်ခင် သေချာ options တွေကိုစစ်ပြီးမှ ဗျင်းပေါ့ဗျာ...။အပေါ်တုန်းက လိုပဲ setg လုပ်ထားခဲ့တဲ့ global variables တွေကို unsetg ကွန်မန်းနဲ့ ပြန်ပြီး ဖြုတ်နိုင်ပါတယ်။





15.show
show ကတော့ ကျနော်တို့ metasploit အတွင်းက modules တွေအားလုံးမှာ ဖော်ပြစေလိုတဲ့ msfconsole prompt ကိုပြခိုင်းတဲ့အချိန် မှာ အသုံးပြုပါတယ်။ show နဲ့ တွဲပြီး သုံးလို့ ရတဲ့ ဟာတွေကတော့.....
{a} show auxiliary
{b} show exploits
{c} show payloads
{d} show options
{e} show targets
{f} show advanced
{g} show encoders
{h} show nops .... တို့ပဲဖြစ်ပါတယ်။

16.use
use ဆိုတဲ့ ကွန်မန်းကတော့ ကျတော်တို့ တွေ ကိုယ်သုံးမယ့် module တစ်ခုကို အသုံးပြုတော့မယ့်အချိန်မှာ သုံးတဲ့ ကွန်မန်းပဲဖြစ်ပါတယ်။ဒီ ကွန်မန်းကလဲ ရင်းနှီးးပြီးသားပဲထင်ပါတယ်။ဟီးဟီးး

17.exploit >or< run
ဒီ နှစ်ခုကတော့ ကျတော်တို့ ရဲ့ exploit တွေကို execute လုပ်ပေးတဲ့ ကွန်မန်း..ဖြစ်ပါတယ်။ အလုပ်စတော့ လို့ပြောတာပေါ့နော့ ဟီးဟီးးး

Credit To MSF


Artikel Terkait:

0 comments:

Post a Comment